မင်းလတ်

   သိပ္ပံမောင်ဝ

မင်းလတ်ကား မန္တလေးနှင့်ပြည် အပြန်ပြန် အလှန်လှန်သွားနေသော ကူးတို့ ့သငေ်္ဘာ၏ အမည်ဖြစ်၏။ မင်းလတ်ပြည်မြို့သို့ရောက်သော အကြိမ်ပေါင်းလည်းများလှပေသည်။ မန္တလေးမြို့သို့ပြန်၍ရောက်သော အကြိမ်ပေါင်းကို လည်း မရေတွက်နိုင်။ ယခု မန္တလေးမှ ထွက်၍လာခဲ့သော အကြိမ်မှာလည်း ထိုမရေတွက်နိုင်သော အကြိမ်ပေါင်းများစွာတွင် တစ်ကြိမ်မျှသာဖြစ်၏။ ထူးခြားသော အကြိမ်ဟူ၍ကားမဆိုနိုင်။

မန္တလေးမှ နံနက်စောစောထွက်၍လာခဲ့၏။ စစ်ကိုင်း၊ အင်းဝစသော ရှေးအခါက ကျော်စောခဲ့ကြသည့်မြို့ဟောင်းများ တွင် ဆိုက်ကပ်၏။ တက်သူတက်၊ ဆင်းသူဆင်း။ ကူလီ တစ်သင်းကလည်း သူ့ငှါးပါနှင့် ဆူညံစွာ အော်ဟစ်ကြကုန်၏။ 

ထိုမှလွန်ပြန်လျှင် ရွာသစ်ကြီး၊ ကျောက်တစ်လုံး၊ ငဇွန်၊ မြင်းမူအစရှိသော ဝါထွက်ရာ ဆိပ်ကမ်းများ တွင်ဆိုက်ကပ်ပြန်၏။ အချို့ကမ်းတွင်သငေ်္ဘာကပ်၍ ဆိုက်ရန် သဗ္ဗန်ကြီးများ ရှိ၏။ အခိျု ့တွင်ကားကမ်းပါးတွင်ထိုး၍ ဆိုက် ကပ်ရလေသည်။ သငေ်္ဘာသည် ထိုကမ်းပါးအနီးသို့ရောက်သည်နှင့် တစ်ပြိုင်နက် သငေ်္ဘာကုလားလေးယောက်သည် အသီးသီးသငေ်္ဘာပေါ်မှ ခုန်၍ဆင်းကြပြီးလျှင် ကြိုးကြီးတစ်ချောင်းကို ကမ်းခြေသို့ရေကူးကာသို့ဆွဲယူကြကုန်၏။ ရောက်လျှင် စိုက်ထားအပ်သောတိုင်တို့တွင် ချည်ထားကြ၏။ သငေ်္ဘာမှာလည်း ထိုကြိုးအားဖြင့် ကမ်းပါးသို့ကပ်၍သွား ရလေသည်။

ကမ်းပေါ်တွင် သငေ်္ဘာအလာကို အတောင့်သားစောင့်စား၍နေကြသောသူတို့မှာလည်း ဆူညံလျက်ပင်။ ကူလီ တွေက မရှား။ အပျော်အပါးလားရောက်ရှုစားသူတွေကလည်းရှိ။ အသိမိတ်ဆွေတို့အား လာရောက်ကာ ပို့ကြသူကြိုကြသူ တွေကလည်းများ ။ သငေ်္ဘာဆိပ်ကမ်းတွင်ကပ်လိုက်သည်နှင့် တပြိုင်နက် တက်မည့်သူတွေကလည်းတိုး၍တက်ကြသည်။ ဆင်းမည့်သူတွေကလည်း တိုး၍ဆင်းကြ။ ရေထဲကြမှာကိုစိုးရ။ ပျော်စရာလည်းမကျတကျ။ 

ကမ်းခြေတစ်လျောက်ကိုရှုမျှော်၍လာပြန်လျှင်လည်း သာယာသင့်တယ်ရှုခြင်ဖွယ်ကောင်းလှ၏။ တောင်ထိပ်တောင်ကုန်းကလေးတွေကိုလည်းကောင်း၊ စိမ်းလန်းလျက်နေသော ယာခင်းများကိုလည်းကောင်း၊ တောင်ထိပ် ပေါ်တွင်ဖြူဖြူဖွေးဖွေး စေတီတော်ကလေးတို့ကိုလည်းကောင်း၊ ပျက်စီးယိုယွင်းအိုမင်းလျက်နေကြသော စေတီတော်တို့ကိုလည်းကောင်း၊ သဲအတိပြီး ၍ ပျော်ကြီးပျော်ချင့်စဖွယ် ကောင်းလှသော သောင်ပြင်တို့ကိုလည်းကောင်း၊ တောင်ကမ်းပါး၊ တောင်ဖြတ်ကြီးတို့ကိုလည်းကောင်း တွေ့မြင်ရလျှင် မည်သူစိတ်မချမ်းမြေ့၊ စိတ်မကြည်နူးပဲ နေနိုင်ပါအံ့နည်း။ 

မြစ်ကမ်းခြေတစ်ရှောက်တွင်ရေသောက်ရန်လာကြသော နွားအုပ်ကြီးအပေါ်၌ မင်းလုပ်ကာနေကြသော နွားကျောင်းသားကလေးတို့မှာလည်း မိမိတို့အနီး၌ သငေ်္ဘာဖြတ်သွားသည်ကို မြင်ရလျှင် စိတ်ပျော်သလိုလို၊ ဘာလိုလိုဖြစ် ၍ခုန်ပေါက်ကာ ကပြလိုကပြ၊ လက်တွင်ကိုင် ၍ထားသော အဝတ်စလုံချည်စတို့ကို လှှုပ်ပြလိုလှုပ်ပြ၊ အော်ပြီးနှှုတ်ဆက်လို နှုတ်ဆက်။ ပျော်စဖွယ်လို။ ထိုနွားကျောင်းသားတို့၏ စိတ်တွင်ကားမိမိ်တို့အနားမှ ဖြတ် ၍သွားသော သငေ်္ဘာမှာ ဘယ်နေရာကလာ ၍ဘယ်နေရာသို့ သွားသည်ကိုမသိ။ မန္တလေးနှင့်ပြည်သို့သွားသော သငေ်္ဘာဟူ ၍ကားသိချင်သိပေလိမ့်မည်။ သို့ရာတွင်ထို မန္တ္တလေး၊ ပြည်မြို့တို့သည်မိမ်ိတို့နှင့် မည်မျှကွာဝေးသည်ကိုလည်းကောင်း၊ ထို မြို့တို့သည်မည်မျှကြီးကျယ်ကြသည်ကိုလည်းကောင်း၊ မီးရထား မော်တော်ကားတို့ပြည်နက်နေသည်ကို လည်းကောင်း အနည်းငယ်မျှ သိရှာမည်မဟုတ်။ သိလည်းမသိလို။ မိမိတို့နွားအုပ်တွင် မင်းလုပ် ၍နေသည်ကိုပင် ကျေနပ်လှလေသည်။ သွေးတကြီးကြီးနှင့် အနည်းနည်းအဖုံဖုံဂုဏ်လုပ် ၍နေကြလေတော့သည်။ 

ထိုနွားကျောင်းသားတို့အပြင် ကမ်းပါးအနီးတောင်ထိပ်ပေါ်တွင် ကျောင်းကလေး တကျောင်းတလေကိုတွေ့မြင်ရပေ၏။ ထိုကျောင်းများအနီးအနားတွင်ရွာလည်းမရှိ၊ လူသူမနီးသော တောင်ထိပ်ပေါ်၌ တစ်ကိုယ်တည်း တရားအားထုတ်ရန် ထွက် ၍လာကြသော ရဟန်း၊ ရသေ့၊ သူတော်ကောင်းများဖြစ်တန်ရာ၏။ ရေအတွက်ကားဧရာဝတီမြစ်ကြီးကိုပင် အမှီပြု၏။ အားထား၏။

ထိုကျောင်းကလေး အသီးသီးတို့တွင် သီတင်းသုံးတော်မူနေကြသော သူတော်သူမြတ်တို့ကား ထိုကူးတို့သငေ်္ဘာပေါ်ပါ၍လာကြသောသူတို့မှာ မည်သူဖြစ်ပါလိမ့်မည်ကိုလည်း ဂရုမစိုက်။ မည်သို့သွားကြသည်ကိုလည်း အမူမထား၊ ဤသငေ်္ဘာသွားသောအချိန်ကား မည်သည့်အချိန်ပေတည်း စသည်ဖြင့်သာ အမှတ်ထားပေလိမ့်မည်။ ဤသငေ်္ဘာဧရာဝတီမြစ်ကြော စုန်သွားတိုင်းတစ်ရက်၊ တစ်ရက်ကုန်သွားပေသည်။ ထိုရက်တို့ကားပြန် ၍မလာ။ လူတို့၏အသက်သာလျှင် သေရက်တို့နီးလာပြီတကား။ မည်သည့်အရာမျှ မမြဲပါတကား။ အနိစ္စပါတကားစသည်ဖြင့် တရားတော်ကို နှလုံးသွင်းကာ ကျန်ရစ်နေကြရှာကုန်၏။ 

“မင်းလတ်” လည်း စုန်မြဲတိုင်းစုန် ၍လာခဲ့၏။ မြင်းခြံသို့မိုးချူပ်မှရောက်လေသည်။ မြင်းခြံ၌ တစ်ညအမောဖြေ၏၊ ခရီးဆက်လက်၍သွားမည့်သူတို့အနက်လည်း မြို့ပေါ်သို့တက်၍လည်လိုသည်၊ မြင်းခြံရှိအသိမိတ်ဆွေတို့ကလည်း ဆင်းလာပြီးနှှုတ်ခွန်းဆက်ကြသည်လည်း မရှား၊ ညဥ့်နက်လျှင် အိပ်ကြပြန်၏။

နံနက်မိုးမလင်းမီမြင်းခြံမှထွက်၍လာခဲ့ပြန်၏။ နေ့ခင်းတွင်ညောင်ဦးတို့ရောက်၏။ ညောင်ဦးရောက်သည်မှ ပုဂံလွန်သည်တိုင်အောင်မိုင်ပေါင်းလေးငါးမိုင်ခန့်ရှိ၏။ သငေ်္ဘာပေါ်မှနေ၍ဖူးရသောစေတီတော် ပုထိုးတော်တို့ကား မရေတွက်နိုင်ပြီ။ ဖရိုဖရဲပြိုကွဲပျက်စီးနေကြသည်လည်းရှိ၏။ အစိုးရကျောက်စာဌာနမှ ပြုပြင်ထားသည်တို့လည်းမရှား။ 

အနော်ရထာ၊ ကျန်စစ်သားတို့တည်ထားခဲ့သော ရွှေစည်းခုံစေတည်မြတ်မှစ၍ များလှစွာသောစေတီပုထိုးကို ဖူးမျှော်၍မကုန်နို်င်အရှုံးပေးရ၏။ သည်မှာကား အနန္ဒာ၊ ထိုမှာကားရွှေဂူကြီး၊ ထိုအနီးကားသဗ္ဗညု၊ ထိုရှေကားစူးဠာမဏိ၊ ထိုကွေ့တွင်ကား လောကနန္ဒာ၊ ထိုထိုသော ဘုရားတို့ကားဓမ္မရံကြီး၊ ဓမ္မရာဇိက၊ မင်္ဂလာစေတီ အစရှိသဖြင့်များလှထွေထွေ ရေတွက်၍ပင်မကုန်နိုင်။

ထိုထိုတစ်ဝိုက်တွင် ထီးကြီး၊ နန်းကြီး၊ မြို့ကြီး၊ ပြကြီးတို့ထွန်းကားခဲ့ပေပြီ။ ကာလကြာသော်ထိုထို တစ်ဝိုက်မှာပင် ထိုထီးကြီး၊ နန်းကြီး၊ မြို့ကြီး၊ ပြကြီးတို့ပျက်စီးယိုယွင်းခဲ့ကြပေပြီ။ 

ထိုပုဂံကမ်းပေါ်တွင် မားမားစွင့်စွင့် မြင့်မြင့်စောက်စောက် ကျောက်အုပ်ဂူတို့ဖြင့်ပြီးသော စေတီပုထိုးတို့ကား ကူးတို့သငေ်္ဘာလေးဖြတ်၍ သွားသည်ကို အမူမထား၊ ဣနြေ္ဒသိက္ခာတော် ကြီးမားစွာနှင့်တည်နေတော်မူကြကုန်၏။ ထိုစေတီပုထိုးတော်တို့ကားပုဂံပြည်ကြီးကြီးကျယ်စည်ကားသည်ကိုလည်း ကြုံတော်မူခဲ့ကြပေပြီ။ ထို့နောက်တရုတ်ပြေးမင်းလက်ထက် တရုတ်စစ်တပ်ကြီးချီလာသည်ကိုလည်း ကြုံတော်မူခဲ့ကြပေပြီ။ မိမိနှင့်ဖွားဖက်တော် ဖြစ်ကြကုန်သော စေတီပုထိုးတော်များ မိုးလေဝသအတွက် ပျက်စီးကြကုန်သည်ကိုလည်းကြုံတော်မူခဲ့ကြပေပြီ။ မိမိတို့သာလျှင်ကျန်တော့၏။ မိမိတို့ကိုယ်တိုင်လည်း အမြဲတည်မည်မဟုတ်။ တစ်နေ့နေ့၌ အမှန်ပျက်စီးရပေဦးမည်။ မိမိသာမဟုတ်၊ လောကတွင်မြင်မြင်သမျှ လူသူသတ္တဝါ အရာဝတၴု တို့လည်းပျက်စီးကြရမည်သာတည်းဟူ၍ မဆိုကြသော်လည်း ဆိုတော်မူကြဘိသို့မတုန်မလှုပ် ကျန်ရှိရှာတော်မှုကြကုန်၏။

သငေ်္ဘာလည်း တစ်နေ့လုံး စုန်မြဲတိုင်းစုန်၍လာခဲ့၏။ နေမင်းလည်းညနေ ခြောက်နာရီအချိန်ရောက်လျှင် နီသောအရောင်တို့ကိုလွှတ်၏။ ထိုနီသောအရောင်တို့ကားဧရာဝတီမြစ်ကြောပေါ်သို့ကျလျှင် မြစ်တစ်မြစ်လုံး နီနီရဲရဲ ကြီးနေပေ၏။ စိတ်ကြည်နူးဖွယ်ကောင်းလှ၏။ အတန်ကြာလျှင်နေမင်းသည် အနောက်ရိုးမတောင်အကြားသို့ဝင်၍သွား၏။ အလင်းရောင်လည်းပျောက်၍သွား၏။ ဧရာဝတီမြစ်ကြီးလည်း နီရာမှ ဝါ၊ ဝါရာမှ ခရမ်းရောင်၊ ခရမ်းရောင်မှ အပြာရောင်၊ အပြာရောင်မှ အနက်ရောင်သို့ကူးပြောင်း၍သွားတော့သတည်း။ သငေ်္ဘာ၌ မီးထွန်းကြရ၏။

အတန်ကြာလျှင်ခပ်လှမ်းလှမ်းမှ ထိ်န်ထိန်လင်းလင်း ဝင်းဝင်းပြောင်ပြောင် ဓါတ်မီးရောင်တို့ကိုမြင်ရလေသည်။ အံ့သြကာ လှမ်း၍ကြည့်ကြ၏။ တစ်ယောက်ကိုတစ်ယောက်မေးမြန်းကြကုန်၏။ ထိုတဝင်းဝင်းတပြောင်ပြောင်နှင့် နေသော ထိုနေရာကား ရေနံချောင်းမြို့ပေတည်း။ အဝေးကမြင်ရလျှင်သာကသာယာပါဘိ။ ရှုချင်ဖွယ်ကောင်းလှပေ၏။ 

မကြာမီ ရေနံချောင်း၌သငေ်္ဘာဆိုက်၏။ အချိန်မရှိတော့သဖြင့်ထိုနေရာမှာပင် တစ်ညစခန်းချရပြန်၏။ မြင်းခြံမှာ တုန်းကကဲ့သို့ပင် ဆင်းသူကဆင်း၊ တက်သူကတက်၊ နှုတ်ဆက်ရန်လာသူတွေကလည်းမရှား။ နံနက်စောစော ရေနံချောင်းမှထွက်လာပြီးလျှင် မကွေး၊ မင်းဘူး အစရှိကြသော ဆိပ်ကမ်းတို့တွင် အစဉ်အတိုင်းဆိပ်ကပ်၍လာခဲ့၏။

သငေ်္ဘာအတွင်း၌ ပါလာသောသူတို့ကား မိမိတို့ရောက်လိုရာအရပ်၊ မိမိတို့ကိစ္စအမျိုးမျိုး၊ ဆွေမျိုးအပေါင်းတို့၏ အကြောင်းများ ကိုသာပြောဆို၍လာကြကုန်၏။ စိတ်ကူး၍လာကြကုန်၏။ အချို့မှာ အိ်ပ်လျက်၊ အချို့ကားသားကလေး သမီးကလေးတို့ကိုချော့နေ၊ ထမင်းဆိုင်တွင် ထမင်းဝယ်၍ စားလာသူလေးယောက်မှာ တိုင်းရေးပြည်ရေးဆန်စပါးရေးတို့ကို ပြောကြားဆွေးနွေး၍ လာကြကုန်၏။ ထိုသူတို့အနား ပက်လက်ကုလားထိုင်ပေါ်တွင် ပိုးသင်္ကန်းဖြင့် ဦးခေါင်းတော်ကို အုပ်ကာ ကျိန်းနေရှာသော ဦးပဉ္စင်းကား အိပ်ပင်ပျော်နေသလား။ ထိုလူလေးယောက်၏ တိုင်းရေးပြည်ရေး အကြောင်းကိုပင်နားစွင့်ကာ ထောင်နေပါသလော။ 

ထိုပိုးသင်္ကန်းကိုယ်တော်၏ အနီး ကော်ဇောပေါ်၌ သီတင်းသုံးလာတော်မူသောကိုယ်တော် ဦးပဉ္စင်းကလေးကား ဒဂုန်မဂ္ဂဇင်းတွင်ပါသော ဝတၴု တစ်ပုဒ်ကို မြိန်ရှက်စွာဖတ်၍နေရှာတော်မူပေ၏။ ထိုကိုယ်တော်နှစ်ပါးတို့၏အနားတွင်ကား အဖိုးကြီးနှစ်ယောက် ဓါးပြမှုအကြောင်းပြောကြား၍နေကြလေသည်။ သူတို့နှစ်ယောက်နှင့် ကပ်နေသော လူခပ်လတ်လတလ ခပ်ဝဝမှာကား မည်သူ့ကိုမျှ ဂရုမစိုက်၊ မည်သူ့စကားကိုမျှ အရေးမလုပ်၊ စာရင်းစာအုပ်တစ်အုပ်ထဲတွင် ရေးသားထားသောစာရင်းများကိုသာလျှင်ရှင်းလင်း၍နေ၏။ 

ထိုလူ၏အနောက်ဖက်တွင် အလွန်တရာမှ ညစ်ထေးလှစွာသောလင်မယားနှစ်ယောက်သည်ကား ဖက်ဖြူလိပ်တစ်လိပ်စီဖွာကာ စကားမပြော၊ ဆေးလိပ်၏ ဆေးလိပ်၏အရသာကိုခံနေရှာကြကုန်၏။ အနားတွင်ကား သုံးလေးနှစ်အရွယ်၊ လေးငါးနှစ်အရွယ် သားကလေး သမီးကလေးသုံးယောက်မှာ ထမင်းအိုးတစ်လုံးမှ ထမင်းကျန်များကိုလုယက်ကာ စားသောက်နေကြကုန်၏။ သူတို့ရှေ့နားအဝတ်သစ် အစားသစ်နှင့် သင်ဖြူးပေါ်တွင်ထိုင်နေသူကား သူရိယ သတင်းစာကို ခပ်ကျယ်ကျယ်ကြီး ဖက်လျက်နေလေသတည်း။ 

နေဝင်၍အလင်းရောင်ပျောက်လျှင် “မင်းလတ်” လည်း ပြည်မြို့ဆိပ်ကမ်း၌ကပ်လေ၏။ လိုက်ပါလာသူတို့လည်းတစ်ယောက်မကျန် ဆူညံစွာ သူ့ထက်ငါ ဆင်းတဲ့၍သွားကြကုန်၏။ အတန်ကြာလျှင် သငေ်္ဘာမှာ ဆိတ်ငြိမ်၍ နေတော့သတည်း။

(၁၂၉၃ ခု သီတင်းကျွတ်လထုတ် ဂနၴလောကမဂ္ဂဇင်း)

စာဆို အတၴု ပ္ပတိ္တ 

  • သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)
  • အမည်ရင်း – ဦးစိန်တင် မိဘအမည် – ဦးအုန်းရွှ + ဒေါ်ဒေါ်သစ်

မွေးဖွားရာဒေသ – မော်လမြိုင်မြို့၊ မုပွန်နတ်ကျွန်းရပ်

ကလောင်အမည်ခွဲများ – ခေတ်စမ်းမောင်၊ ဂုဏ်မက်သူ၊ တင်တင်ထွေး၊ ရန်ကုန်သိမ်းဖေ၊ မောင်လူအေး

ကိုယ်ရေးဖြစ်စဉ်

၁၉၀၅ခုနှစ်ခန့်မှ ၁၉၁၉ ခုနှစ်ထိ မော်လမြိုင်မုပွန်ရပ် ဆရာဦးချစ်လှကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ထို့နောက်မောင်ငံရပ်ရှိ စိ်န်အောဂတ်စတင်း အက်စ်ပီဂျီ (S.t Augustine’s Society for the Propagation of the Gospel) သာသနာပြုကျောင်းသို့ပြောင်း၍ သတ္တမတန်းအောင်မြင်သည်အထိ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပညာသင်ယူခဲ့ပြီးနောက် အဋ္ဌမတန်းရောက်သောအခါ မဟာဗုဒ္ဓဃောသကျောင်းသို့ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ဆယ်တန်းစာမေးပွဲကို မြန်မာဘာသာနှင့် ပါဠိဘာသာတို့တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ 

၁၉၂၁ မှ ၁၉၂၃ ထိ ဗဟန်းကြားတောရနှင့် သရက်တောကျောင်းတိုက်တို့ရှိ ဗဟို နေရှင်နယ်အမျိုးသားကျောင်းများ တွင် ကျောင်းဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။ 

၁၉၂၃ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်လှန်ပြီးသောအခါ ကောလိပ်သိပ္ပံကျောင်းတွင် ဥပစာဝိဇ္ဇာ အောက်တန်းကျောင်းသား (အိုင်အေဂျူနီယာ) အဖြစ်ပညာသင်ကြားခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် အိုင်အေအထက်တန်း စာမေးပွဲကို မြန်မာဘာသာအတွက် ပထမဆု ရသူတို့ကိုချီးမြင့်သည် သားဒိုးအောင်ဆုတံဆိပ်နှင့် ပါဠိဘာသာပထမဆုရသူအား ချီးမြင့်သည့်ကောလိပ်ပါဠိဆုတံဆိပ်တို့ကို ရရှိအောင်မြင်ခဲ့သည်။ ထို့ပြင်ကျောင်းအုပ်ကြီး၏ တစ်လ(၂၀/-) နှင့် နှစ်နှစ်ချီးမြင့်သည့် ဆုငွေရရှိခဲ့သည့်အပြင် နှစ်နှစ်စေ့သောအခါ နောက်ထပ် တစ်လ (၂၅/-) ဖြင့် အစိုးရ၏ထောက်ပံ့ငွေပါရရှိခဲ့သည်။ ၁၉၂၇ ခုနှစ်ဘီအေ စာမေးပွဲတွင် မြန်မာ ဘာသာ၌ ပထမန်းဂုဏ်ထူးဖြင့်အောင်မြင်၍ ဒယ်လီဂျမ်ရှယ်ဂျီနယ် ဆုတံဆိပ် ချီးမြင့်ခြင်းခံရသည်။ ထို့နောက်ပါမောက္ခ ဦးဖေမောင်တင်၏ ကြိုးပမ်းချက်ဖြင့် မြန်မာစာဂုဏ်ထူးတန်းသို့ထိုနှစ်တွင် တစ်ဦးတည်းသောစာသင်သားအဖြစ် တက်ရောက်စာသင်ကြားခဲ့ရာ ပထမတန်းကို ပထမ အဆင်ဖြင့်အောင်မြင်ခဲ့သည်။ ထို့နောက်ယူနီဘာစီတီကောလိပ်သိပ္ပံကျောင်း၌ မြန်မာဘာသာရပ်ဆိုင်ရာဆရာအဖြစ် စာသင်ရင်းအမ်အေ အတန်းကို ဆက်တက်ခဲ့သည်။ ၁၉၂၇ မှ ၁၉၂၉ အထိ တက္ကသိုလ်ကျူတာဘဝဖြင့် တာဝန်ထမ်းဆောင်ပြီး ငါးလအကြာတွင် အိနိ္ဒယနိုင်ငံဝန်ထမ်းအိုင်စီအက်စ် အဖြစ်ဖြင့် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် ခရိုက်ချပ်ချ်ကောလိပ် တွင်ပညာသင်ကြားခွင်ရရှိခဲ့သည်။ 

၁၉၂၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ပြန်လာပြီးနောက် မော်လမြိုင် ဒိုင်းဝန်ကွင်းဆီဆုံရပ်နေ ပညာဝန်ထောက် ဦးချစ်စု၊ ဒေါ်သိန်းရင်တို့၏ ဒုတိယသမီး မလှသန်းနှင့် အိမ်ထောင်ပြုခဲ့သည်။ ကိုလတာမျှ ပေါင်းသင်းခဲ့ရပြီး မလှသန်း ကျန်းမာရေး မကောင်းသဖြင့် ကွယ်လွန်သွားခဲ့သည်။ 

၁၉၃၂ တွင် ကျိုက်လတ်မြို့ဆန်စက်ပိုင်ရှင် ဦးစိုးကြီး၊ ဒေါ်ချစ်တို့၏သမီး မခင်မြင့်နှင့် အိမ်ထောင်ကျကာ သားတင်မောင်မြင့် (မောင်လူမွေှး)၊ သမီးတင်မေမြင့်၊ တင်ဆွေမြင့်တို့ထွန်းကားခဲ့သည်။ 

၁၉၂၉ မှ ၁၉၄၂ ထိ မြို့အုပ်၊ နယ်ပိုင်ဝန်ထောက်၊ အရေးပိုင်၊ ဒုတိယအတွင်းဝန် စသည့်ရာထူးဌာန အမျိုးမျိုးဖြင့် စစ်ကိုင်း၊ မိတီၴလာ၊ မင်းဘူး၊ ဟင်္သာတ၊ မြောင်းမြ၊ ဇလွန်၊ ညောင်တုန်း၊ ရန်ကုန်(အင်းစိန်)၊ စလင်း၊ ကျောက်ဆည်၊ ရွှေဘို၊ မန္တလေး စသော မြို့ပေါင်း(၁၂) မြို့တို့၌ နိုင်ငံ့တာဝန်များကိုထမ်းဆောင်ခဲ့သည်။ 

၁၉၄၂ ခုနှစ်ဇွန်လ ၆ ရက်အင်္ဂါနေ့၌ ရွှေဘိုခရိုင် က့န်ဘလူအရှေ့ဆယ်မိုင်ခန့်အကွာရှိ ဂါးထာရွာ ဗိုလ်တဲ၌ ဓားပြလူဆိုးတို့၏ အထင်မှားလက်လွန်မူကြောင့် ကွယ်လွန်ခဲ့ရသည်။ 

သိပ္ပံမောင်ဝ ရေးသားပြုစုခဲ့သော ထင်ရှားသောစာအုပ်များမှာ ခေတ်စမ်းစာပေ အထွေထွေ၊ ခေတ်စမ်းပုံပြင်၊ ခေတ်စမ်းပုံပြင်များ (ခ) ခေတ်စမ်းဝတၴုများ၊ ခေတ်စမ်းရာဇဝင် ရေးရာများ၊ စာပေယဉ်ကျေးမှု၊ စစ်အတွင်းနေ့စဉ်မှတ်တမ်း၊ မှတ်တမ်းဝင်စာပေများ၊ လှအုံးမယ်ဝတၴု၊ ဝတၴု ဆောင်းပါးများ၊ သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ စသည်တို့ဖြစ်သည်။

發表者:緬甸仔

一個熱愛緬甸的非緬族人

發表迴響

在下方填入你的資料或按右方圖示以社群網站登入:

WordPress.com 標誌

您的留言將使用 WordPress.com 帳號。 登出 /  變更 )

Google photo

您的留言將使用 Google 帳號。 登出 /  變更 )

Twitter picture

您的留言將使用 Twitter 帳號。 登出 /  變更 )

Facebook照片

您的留言將使用 Facebook 帳號。 登出 /  變更 )

連結到 %s

%d 位部落客按了讚: